----- ငါးဆယ်ဖိုးပေးပါ။
ဒီနေ.မနက် ဘလောဂ်တွေလိုက်ဖတ်ရင်း ဆဲဗင်းဒီဇင်ဘာရဲ. ဂျိုင်းမွေးမှတ်တိုင်ကိုဖတ်ပြီး အခုရေးမဲ. ဟာသလေး အတွေးထဲဝင်လာလို.ရေးလိုက်တာပါ။ ရိုင်းမယ်ထင်ရင်တော.ခွင်.လွတ်ကျပါ။ တကယ်ဖြစ်ခဲ.တာမို.လို.ပါ။ လွန်ခဲ.တဲ. ၁၀နှစ်လောက် ကျွန်မသူငယ်ချင်းသမီးလေးက လမ်းမှာသူငယ်ချင်းတွေနဲ.သွားရင် အချဉ်ပေါင်းတွန်းလှည်းသည်တွေ.တာနဲ. ၀ယ်စားမယ်လုပ်တယ်။ အချဉ်ပေါင်းတွန်းလှည်းမှာ ဇီးသီးပေါင်း၊သရက်သီးအချိုအစပ်စိမ်၊ ဂွေးချိုသီးစပ်(ကျွန်မတို.ကတော.အများအားဖြင်.ဂွေးသီး၊ ပြည်တော်စာသီးလို.ခေါ်ပါတယ်) စသဖြင်.ပါတာပေါ.ရှင်။ သူစားချင်တာက ဂွေးသီးချဉ်စပ်ကိုစားချင်တာ သူ.အလှည်.မရောက်သေးတော. ဟိုကြည်.ဒီကြည်.လုပ်နေတုန်း ငုံးဥပြုတ်ရောင်းတဲ.သူက ဘေးနားဖြတ်သွားပြီး ငုံးဥပြုတ်လို.အော်လိုက်တယ်။ အဲဒီအချိန်မှာ ဈေးသည်က ညီမလေးဘာယူမှာလဲ မေးလိုက်တော. သူဖြေလိုက်ပုံက ဂွေးသီးနဲ. ငုံးဥပေါင်းပြီး၊ ဂွေးဥ ငါးဆယ်ဖိုးပေးပါလို.ဖြေလိုက်တော. ဘေးနားရှိရှိသမျှလူတွေ အကုန်လုံးငိုအားထက် ရီအားသန်ကုန်ကြပါတော.တယ်ကွယ်။
ရီသောသူအသက်ရှည်၏။
စာရေးသားချိန်--၁၄.၁.၂၀၁၂(နံနက်၁၁နာရီ၃၀မိနစ်)
စင်ကာပူ
6 comments:
မမကျားပြောတာ"" ဗေဒင်ဟောသည် ""လို့ အော် တဲ့ ဗေဒင် ဆရာ နောက် က မှန်ဘောင်တွေ ရောင်းတဲ့ ဈေးသည် က သူဘာသာသူ ဈေးရောင်း ရင်း နဲ့ ""မှန်ဘောင် မှန်ဘောင်"" လို့ အော် ရောင်း သလိုဖြစ် နေ ပြီ။
ရယ် ရ တယ် .. အော် တိုက်ဆိုင် တာ များ နော်။
ကျွန်တော် ကိုယ်တွေ့ ဟာသ တွေ ရှိ တယ်.. ကြုံ မှ ပိုစ် တင် ပါ မယ်. ခင်မင်လျှက်
ဟိ ရီရတယ်
ဈေးရောင်းတဲ့သူ မျက်လုံး တော်တော် ပြူးထွက်သွားမှာပဲ...
သူရောင်းတဲ့ အသီးလောက် ပေါ့နော်...
=P
ဟိဟိ ခုတောင် ရီပြီးလက်တွေအကြောပျော့နေလို့ မနည်းရိုက်ရတယ်..။
ဟားဟား တော် တော် ရီလိုက်ရတယ် ကျားကျားရယ်
he he taw taw yi ya tal a ma.
Post a Comment