Istana သမတအိမ်တော်သို.တစ်ခေါက်တစ်ခါ......
ဒီနေ. ၂၄.၁.၂၀၁၂ ခု တရုပ်နှစ်သစ်ကူးပွဲတော်ပိတ်ရက် နောက်ဆုံးနေ.(အင်္ဂါနေ.)မှာ စင်ကာပူနိုင်ငံရဲ. သမတအိမ်တော်ကို အများပြည်သူ ကြည်.ရှု.နိုင်ရန်ဖွင်.ပေးခဲ.ပါတယ်။ စင်ကာပူ နိုင်ငံသားများနဲ. ပီအာ သမားများက အခမဲ.ကြည်.ရှု.နိုင်ပြီး နိုင်ငံခြားသားများ ၀င်ကြေး စလုံး ၁ဒေါ်လာပေးရပါတယ်။ အတွင်းကို ပတ်ပြီး Open House ကိုဝင်ချင်ရင် ၀င်ကြေး ၂ဒေါ်လာ ပေးရပါတယ်၊ ဓါတ်ပုံရိုက်ခွင်.မရှိပါဘူး၊ ကျားကျားတို. ရောက်တော. နံနက် ၁၀နာရီ ၊ စောသေးတဲ.အတွက် လူသိပ်မများသေးပါဘူး၊ ဒါပေမဲ.သမတကြီးလာပြီး နဂါးအလှပြကစားတာကို ကြည်.ပြီး လာတဲ.သူတွေကိုနှုတ်ဆက်တာစောလို.မတွေ.လိုက်ရပါဘူး၊ သတင်းစာဖတ်လို. အဲဒါတွေသိလိုက်ရတာပါ။ ဒါကြောင်.တစ်ခါတစ်လေ ၀ရိယ အကျိုး စောစောနိုး၊ သူခိုးဒုတ်နဲ.ပစ်လတံ.ဆိုတာ ဒါမျိုးကို ဆိုတာပါလားဆိုတာ သိလိုက်ရပါတယ်။ နောက်ကျပြီး သွားရင်လည်း ပြန်အထွက်မှာ နေပူထဲမှာ တန်းစီနေတဲ.အတန်းကြီးကိုကြည်.ပြီး ငါသာဆိုပြန်ပြီလို.။ တန်းစီနေတဲ.လူတန်းကြီးက Plaza Singapura ကိုတောင်တော်တော်ကျော်နေပါပြီ။ ပြန်တဲ.အချိန်ကြည်.လိုက်တော. နေ.လည်စာ စားချိန် ရောက်နေတာကြောင်. Plaza Singapura ကို ၀င်ပြီး ဈေးချိုပြီး စားကောင်းတဲ. Kopitian ကိုတွေ.သော်ငြားလည်း ဆိုင်တွေအားလုံးပိတ်ပါတယ်ရှင်၊ ဒါကြောင်. ဈေးနဲနဲကြီးသော Xin Wang Hong Kong Cafe မှာ ၀င်တီး လိုက်ရပြီး အပြန်မှာ လေးလံသော ခြေလှမ်းများနှင်.အတူ Dhoby Ghaut MRT ကို ဦးတည်ပြီး မိမိရဲ.၇ိပ်မြုံ၇ှိရာကို ပြန်လာပါတော.တယ်ရှင်။
အ၀တွင်စောင်.နေသော အစောင်. (မျက်တောင်တစ်ခါတစ်ခါခပ်ပါကြောင်းစစ်ဆေးတွေ.ရှိ)
ဖွင်.ချိန်၊ ပိတ်ချိန် ညွန်ပြသော ဆိုင်းဘုတ်
သွားလာနိုင်သော နေရာကို ညွန်ပြသော ဆိုင်းဘုတ်
အ၀င်ဝရှိ ရေသဖန်းပင်
ကင်းလှည်.နေသော အစောင်.များ
ဖွတ်လိုလို၊ပုတ်သင်ညိုလိုလို၊ ပဒတ်လိုလိုအကောင်(သေချာမရေးထားသည်.အတွက် ..လိုလိုဟုခေါ်သည်)
ကလေးကစားကွင်းအသေးလေးထားပေးပါသည်။
အမြောက်ကြီးနှင်.အတူ (ကြောက်ကြောက်)
အိမ်တော်ကိုလှမ်းမြင်နေရပုံ
အိမ်တော်သို.၀င်ရန်လက်မှတ် ၀ယ်သည်.နေရာ
၇သည်.ငွေများအားလုံးကို လူမှုရေးလုပ်ငန်းများသို.လှူမည်.အကြောင်း
ဗစ်တိုရီးယားရေအိုင်ငယ်
ဗစ်တိုးရီးယားဘုရင်မရုပ်ထု
အပြန်အ၀င်ဂိတ်အ၀တွင်
Plaza Singapura
Xin Wang ဟောင်ကောင်စားသောက်ဆိုင်
သူငယ်ချင်းဝါးတဲ. Bamboo Chix Rice
သမီးလေးတီးတဲ. Fermented Pork with Cucumber
စာရေးသားချိန်--၂၅.၁.၂၀၁၂(နေ.လည်၃နာရီ)
စင်ကာပူ
3 comments:
မမကျားရေ ဒိုးကန်တော့ ၅ နှစ်ပြည့်တော့မယ် တခါမှမရောက်သေးပါလားနော်း)
ခင်မင်လျှက်
မဒိုးကန်
အစ်မပိုစ့်လေးက တဆင့် သမ္မတအိမ်တော်ကို လေ့လာသွားပါတယ် အစ်မ... ခုလို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ... အခြေအနေပေးရင်တော့ ကိုယ်တိုင် သွားနိုင်ဖို့ ကြိုးစားကြည့်ပါဦးမယ်...
လင့်လဲ ချိတ်သွားပါတယ် အစ်မ...
ဓါတ်ပုံတွေ ကောင်းလိုက်တာ ကြည်လင်နေတာပဲ။။
ကျွန်တော့် ဘလောက် လိပ်စာသစ် ပြောင်းထားပါတယ်
Post a Comment