ယိုးဒယားမုန်.လား၊ မလေးမုန်.လား၊ ဗီယက်နမ် မုန်.လား - BANH PHU THE
လွန်ခဲ.တဲ. နှစ်ရက်က အိမ်ဘေးအခန်းကနေ ပြောင်းသွားတဲ. စင်ကာပူ တရုပ် အန်တီကြီးက ကျားကျား လမ်းလျှောက်နေကြ ပန်းခြံမှာ လာစောင်.ပြီး အဲဒီ မုန်.ဗူးလေး သမီးလေး စားဖို.လာပေးပါတယ်။ ဗူးမှာ နံမယ်ရေးထားတာ BANH PHU THE တဲ.ရှင်။ ကျားကျားလည်း အိမ်ရောက်လို. မုန်.ဗူးလေး ဖွင်.ကြည်.ပြီး မြည်းစမ်းကြည်.လိုက်တော.မြန်မာပြည် က မုန်.အမျိုးအစားထဲက တီကွေ. အစိမ်းရောင် ထဲမှာ မြေပဲယိုလေး ထည်.သလိုလို၊ ပုသိမ် ဟာလ၀ါ လိုလို၊ မန်းတလေးက ထိုးမုန်.လိုလို နဲ. သိရင် ပြောကြပါနော်.....တဆက်တည်း စဉ်းစား လိုက်တာကတော. မြန်ပြည်ကြီးက စီးပွားရေး သမားတွေလည်း အခုလိုလေး ထုတ်ပိုးရောင်း၇င် အကုန်အကျနည်းတဲ. အပြင် အမြင်ဆန်းလေးနဲ.မို. ပိုလို.စိတ်ဝင်စားစရာကောင်းမလားလို.ပေါ.နော်။
အထုပ်၁၀ထုပ်ကို အစီအရီထည်.ထားပါတယ်
ဗူးဖွင်.လိုက်ရင် အခုလိုမြင်ရမှာပါရှင်
ဗူးထဲက စားစရာလေးထုတ်လိုက်တဲ.ပုံပါရှင်
ဗူးခွက်ကလေးရဖို. အခုလို အုန်းလက်ကို ချိုးထားတာပါရှင်၊ ပြီးမှ ခေါက်လိုက်ပြီး စတာပလာနဲ.ချုပ်လိုက်တာပါရှင်
BANH PHU THE ကို ပလပ်စတစ် အကြည်လေးနဲ.ထုပ်ထားတာပါရှင်
စာကြွင်း....... အင်တာနက်မှာ ရှာလိုက်တာ ဗီယက်နမ်မုန်.ဖြစ်ပါတယ်ရှင်..ဒန်...ဒန်...ဒန်...ဒန်.....
မမကျား ၁ မှတ်ရသွားပါတယ်ရှင်*****
စာရေးသားချိန်--၂နာရီ၄၀မိနစ်(၂၈.၃.၂၀၁၂)
စင်ကာပူ
1 comments:
စားချင်စရာလေးရယ်နော်
Post a Comment