မြတ်သောဆရာအတွက် .....
ဆ၇ာဆိုတာ မိဘနဲ.တတန်းထဲထားရတဲ.အရာပါ။ မူလတန်းကျောင်းသား ဘ၀ကတည်းက ကျောင်းပြီးလို. လုပ်ငန်းခွင် ၀င်တဲ.အထိ ဆ၇ာ ဆိုတာရှိကြပါတယ်။ ယခုတခေါက် မြန်မာပြည်ကို မိခင်ကြီး အသဲ အသန်ဖြစ်လို. ပြန်တော. မိခင်ကြီးကို အသက်ရှင်လျှက်သား တစ်ရက်သာ မှီလိုက်ပါတယ်၊ လူ.ဘ၀ တသက်တာမှာ (၈၆)နှစ်ဆိုတဲ.အထိနေခဲ.ရတဲ. မိခင်အတွက်ဖြေသာတယ်လို. တရားရှိပေမဲ. ကြိတ်ကြိတ်ပြီး ငိုခဲ.ရတဲ.ရက်တွေမနည်းတော.တာမို. မိခင်ကြီးအလောင်းမြေကျတဲ.နေမှာ ကျစရာ မျက်ရည် မရှိတော. လောက်အောင် ရှားပါးခဲ.ပါတယ်။ မိခင်ကြီး ရက်လည်ပြီးတဲ.နောက် စင်ကာပူကို မပြန်ခင် အလုပ်ချင်ဆုံး အရာကတော. အမြဲ.လှူနေကြဖြစ်တဲ.ဆရာတွေကို လိုက်လံ ဂါရ၀ပြုဖို.ဖြစ်ပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်မှာ ဆရာဖြစ်တဲ. ဆရာဦ၀ိုင်းကို ဆရာ.နေအိမ် အဟောင်းမှာ လိုက်စုံစမ်း အဆက်အသွယ်ယူပြီး ဆရာ.ကို ကန်တော.ဖြစ်ခဲ.ပါတယ်၊ နောက် မြတ်ဆ၇ာတစ်ဦးဖြစ်တဲ. မူလတန်း တတိယတန်းဆရာ ဦးဝင်းတင်ကို မေးတဲ.အခါမှာတော. တော်တော် များများက ဆရာ.ကို မတွေ.ဘူး သေပြီလားမသိဘူးလို.ပြောကြတယ် မတွေ.တာကြာပြီတဲ.လေ၊ ဟိုအ၇င်ခေတ်ကဆရာများဟာ တကယ်.ပီတိကိုစားပြီး အားရှိသောသူများဖြစ်ကြတာ အသေအချာပါဘဲ။ ဘာလို.လဲဆို၇င် ဆ၇ာဟာ လူပျိုကြီးဖြစ်ပြီး အမတစ်ဦးနဲ. ကျွန်မတို.စမ်းချောင်း မအူပင်လမ်းမှာ အိမ်ငှားနေခဲ.ရပြီး၊ ပင်စင်ယူ အမကြီးဆုံးတော. ဆ၇ာခင်မျာ လှည်းတန်းမှာ အဆောင်နေ၇ရှာတာပါ။ အဲဒီကနေ ဆ၇ာတနေ၇ာပြီး တနေရာပြောင်းနေလိုက်တာ စုံလို.ပေါ.၊ ၂၀၁၀ခုနှစ် ကျွန်မပြန်တော. ဆ၇ာ.ကို ကန်တော.ချင်တယ်လို. ဆ၇ာလာနေကျ လက်ဘက်ရည်ဆိုင်လေးကိုမှာထားတော. ဆရာကျွန်မကိုလာတွေ.ပြီး အကန်တော. ခံပါတယ်။
ဒီနှစ်တော. လိုက်စုံစမ်း၇င်း ဆ၇ာ.မထင်မှတ်ဘဲခြေကျိုးလို. တပည်.တစ်ယောက်က မင်္ဂလာတောင်ညွန်. စက်ဘီးစက်ရုံလမ်းထဲက သူ.အမျိုးဝပ်လျော.မှာခေါ်ထားတယ်လို.ပြောလို. ကျွန်မ အငှားကား ငှားပြီး စုံစမ်းရောက်သွားတော. ဆ၇ာ.ကိုအိပ်ယာထဲမှာ တစ်စောင်းကြီးလှဲနေတာကို
တွေ.လိုက်တဲ.အချိန်မှာဘဲ ဘယ်ကဘယ်လိုမှန်း မသိတဲ. မျက်ရည်တွေ ထိမ်းမနိုင်သိမ်းမရ ကျလာပါတော.တယ်၊ ဆ၇ာကတော. သမီး၇ယ် သတ၀ါတစ်ခု ကံတစ်ခုပေါ.တဲ.။ ဆရာ.တပည်. တစ်ဦးဖြစ်တဲ အကိုအောင်မြတ်ကလည်း တော်တော်ကောင်းပါတယ်။ ဆရာ.ကို ကူလုပ်ပေးဖို. ညီမငယ်လေး တစ်ယောက်ကို ငှားထားပေးတယ်။ ကျွန်မလည်းပါလာတဲ. မုန်.တွေ၊ ပိုက်ဆံတွေနဲ. ကန်တော.ပြီး ချက်ခြင်းဘဲ စဉ်းစားမိတာက မိခင်ရှိစဉ်က အသုံးပြုတဲ. ၀ှီးလ်ချဲနဲ. အိမ်သာဗိုလ်ထိုင်လေးကို ဆရာ.အတွက် လှူဖို.ဆုံးဖြတ်၊ ညနေမှာ ဆရာ.ထံကို သွားပို.ပြီး ဆရာ.ကို ၀ှီးလ်ချဲ ပေါ်မှာ ထိုင်လျက်သား တွေ.လိုက်၇တဲ. အချိန်မှာ ဖြစ်ပေါ်လာတဲ.ပီတိက ဘာနဲ.မှာလဲလို. မရအောင်ဖြစ် သွားခဲ.ပါတယ်။ အကိုအောင်မြတ်ကိုလည်း ဆရာ.အတွက်ကျွန်မ လစဉ် (၂၀၀၀၀)ကျပ်တိတိ လှူမယ်.အကြောင်း ဖုန်းဆက်ပြောပြီး အကိုနဲ.တွေ.ဖို.လုပ်ပေမဲ. တွေ.ခွင်.မ၇လိုက်ပါဘူး။ ဒါကြောင်.အကိုအောင်မြတ်ကိုလည်း ဒီဘလောဂ်ကနေပြီး ကျေးဇူးအထူးတင်ပါတယ်လို.ပြောပါရစေအကို။
မိခင်ကြီးအသက်ရှိစဉ် အသုံးပြုသွားသော ၀ှီးလ်ချဲ နှင်.ဗိုလ်ထိုင်အိမ်သာ
မြတ်သောဆရာ ဆရာဦးဝင်းတင်(အမက(၉)စမ်းချောင်း)
ဆရာ.ကို အိပ်ယာထက်တွင်တွေ.စဉ်အမှတ်တရ
ဆရာ.ကိုကြည်းရှု.စောက်ရှောက်ပေးနေသော ညီမနှင်.ဆရာအမှတ်တရ
ဆရာ.ကို ၀ှီးလ်ချဲပေါ်တွင်ထိုင်လျှက်နှင်.အမှတ်တရ
စာရေးသားချိန်--၂နာရီ၄၀မိနစ်(၉.၃.၂၀၁၂)
စင်ကာပူ
1 comments:
ဟိုက်ရွာစားဆိုပါလား။ အမ ကျွန်တော်လာလည်သွားတယ်နော်။ ဆရာဆိုတာလမ်းပြမီးအိမ်ရှင်ပဲဆိုသလိုပဲ ဆရာ့ကျေးဇူးသိတက်ခြင်းဟာ မင်္ဂလာတပါးပါအမ။
(ညီညာသောလမ်းအသင်လှမ်းတိုင်း တိုးပြီးဦးခိုက်ရှိခိုးထိုက်သည် မမေ့အပ်သောမြတ်ဆရာ)လို့ကြားဖူးပါတယ်။
Post a Comment