အမှတ်တရ ဗ၀တ(ဗဟိုဝန်ထမ်းတကသိုလ်)
ပြီးခဲ.တဲ.အပတ်က ဖေ.စ်ဘုတ်မှာ မမကျားတို.သူငယ်ချင်းက ဖောင်ကြီးသင်တန်းတက်တုန်းက ဓါတ်ပုံတွေတင်တာကို ကြည်.ရင်း ဒီပို.စ်လေးတင်ဖို. စိတ်ကူးရသွားတာပါကွယ်။ မမကျားတို.ဘွဲ.ရပြီးတော. လုပ်ငန်းခွင်ဝင်၊၀င်ပြီးလို.သုံးလကျော်မှာ နိုင်ငံဝန်ထမ်းတိုင်း ရှောင်လွဲလို.မရတဲ. ဖောင်ကြီးသင်တန်းတက်ဖို.
စာရောက်လာပါတယ်။ မမကျားအလုပ်စ၀င်ဝင်ချင်း ဧရာဝတီတိုင်း ဟင်္သာတခရိုင်မှာတာဝန်ကျပါတယ်။ ၀န်ထမ်းတော်တော်များများ စိတ်ပျက်ကျတဲ. ဖောင်ကြီးကိုတက်ရမှာ မမကျားကတော.ပျော်နေပါတယ်၊ ဘာလို.လဲဆိုရင် ရန်ကုန်သူ ရန်ကုန်ပြန်ရမှာမို.ပါ။ မမကျားတို.တုန်းက ဖောင်ကြီးသင်တန်းကို (၅)လခွဲတက်ရပါတယ်။ သင်တန်းမှာ ဋ္ဌာနပေါင်းစုံက အရာရှိတွေတက်ရပြီး (ဟိဟိ ကြွားလိုက်တာတော်)၊ မမကျားတို.သင်တန်းစတော. ဧပြီလလယ်၊ သင်တန်းပြီးတော.စက်တင်ဘာဖြစ်တဲ.အတွက် လယ်လုပ်ငန်းကို စိုက်တာကော၊ရိတ်သိမ်းတာကောမှီလာတာ အမှတ်တရပါဘဲ၊ မမကျားတို.သင်တန်းပြီး နောက်နှစ်သုတ်ကျော်မှာ ဗိုလ်ချုပ်မှူးကြီးသမီးတက်တဲ. အလှည်.ကျတော. (၃)လခွဲဖြစ်သွားတယ်လို.သိရပါတယ်(ဟင်းဟင်း ငါတို.ကျတော.....)။
မမကျားတို.သင်တန်းမှာ မနက်(၄)နာရီလောက်ကတည်းကထမှ အဆင်ပြေပါတယ်။ (အိမ်သာတက်ရန်ရှိသူများအတွက်)။ (၅)နာရီခွဲဆိုရင် နံနက်လေ.ကျင်ခန်းလုပ်ရပါတယ်၊ (၆)နာရီခွဲမှာပြီးရင် ထမင်းစားဆောင်ကိုတန်းစီပြန်သွားပြီး ထမင်းကြော်စားရပါတယ်၊ အရံဟင်းကတော. ကိုယ်.အိမ်က ပါတာကိုယ်စားပါ။ (၇)နာရီခွဲမှာ ကျောင်းသင်ခန်းသွားဖို.တန်းစီရပါပြီ။ သင်တန်းဆောင်ကမှတဆင်. သင်တန်း ခန်းမရှိရာကို သွားရပါတယ်။ သင်တန်းတွေကို တပ်စုနံပါတ်နဲ.ခွဲထားပြီး တပ်စု တစ်စုကို သင်တန်းသူ(၂၀)လောက်ရှိပါတယ်၊ တပ်စုတစ်စုကို သင်တန်းသားထဲက တပ်ခွဲမှူးတစ်ဦး တပ်စုမှူးတစ်ဦးထားပါတယ် (ဘယ်သူတာဝန်ကျတယ်ဆိုတာကို ဗ၀တရဲ.ကျောင်းရုံးခန်းက စီမံချထားပေးပါတယ်)။ တပ်ခွဲမှူးက ပခုံးမှာ အ၀ါရောင် အပတ်ဖြစ်ပြီး၊ တပ်စုမှူးကတော. အနီရောင် အပတ်နဲ.ဖြစ်ပါတယ်။ မမကျားကတော. တပ်ခွဲမှူးတစ်ခါလုပ်ခဲ.ရပါတယ်။
သင်တန်းနံနက်(၈)နာရီမှညနေ(၄)နာရီခွဲအထိဖြစ်ပြီး နေ.လည်စာစားဖို.အချိန်၊ နားချိန်(ဟိဟိ ၅ မိနစ်) ကြားမှာ ပေးထားပါတယ်။ ထမင်းကတော. တပတ်တစ်ခါ အသားဟင်းကျွေးပြီး ကျန်တဲ.နေ.ကတော. ကျန်းမာရေးနဲ.ညီညွတ်သော ဟင်းသီးဟင်းရွက်များနဲ. နေ.စဉ်နီးပါးပဲဟင်းကို အားပေးခဲ.ရပါတယ်။ သင်တန်းမှာ စာပေရေးရာသာမက၊ကျန်းမာရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ သေနတ်ပစ် သင်တန်း၊ တိုက်ပွဲဝင်သင်တန်းတွေကအစ အားလုံးသင်ရပါတယ်။ အထူးအမှတ်ရစရာကတော. ထမင်းစား ချိန်ပြီးလို.ပြန်တတ်တဲ.သင်တန်းဆိုရင် ဆရာတွေကို အားနာဖို.ကောင်းပါတယ် ဘာလို.လဲ ဆိုရင်သင်တန်းသားအားလုံးနီးပါး ထမင်းဆိပ် တက်နေတာကြောင်.ဖြစ်ပါတယ်။ ဒါပေမဲ.ဆရာဆိုတာ တချိန်ကျောင်းသားဘ၀က လာတာဆိုတော. သူတို.နားလည်ပေးကြပါတယ်။ သောကြာနေ.ညနေဆိုရင် သင်တန်းကကားများနဲ. ရန်ကုန်စုရပ် အသီးသီးကိုပြန်ပို.ပေးပြီး တနင်္ဂနွေနေ. နေ.လည်ဆိုရင် စုရပ်မှတစ်ဆင်.ပြန်ပြီး သင်တန်းကို ညနေအရောက်ပြန်သတင်းပို.၀င်ခဲ.ရပါတယ်။ အခြားသူတွေပျော်မပျော် မသိဘူး ရောက်လေရာပျော်တတ်တဲ.မမကျားကတော.ဖောင်ကြီးသင်တန်းမှာ အရမ်းပျော်စရာ၊ အမှတ်ရစရာတွေ၊ သူငယ်ချင်းကောင်းတွေနဲ.စုံတွေ.ခဲ.ရတာတွေဟာ ယနေ.အထိအမှတ်ရစရာတွေပါ။
အီကိုတုန်းကတွဲခဲ.တဲ. သူငယ်ချင်းများနှင်.ဘွဲ.ယူစဉ်အမှတ်တရ
ဖောင်ကြီးသင်တန်းမှာအမြဲတတွဲတွဲရှိခဲ.တဲ.သူငယ်ချင်းများ
မမကျား ကောက်စိုက်နေစဉ်( မျော.ကြောက်လို. ခြေသလုံးတွင် ဆရာစိုင်းများလိမ်းထားပါတယ်)
စစ်တိုက်ရန်ထွက်လာသောပုံပါရှင်(အဲဒီနေ.ကလက်နက်ကြီးတွေနဲ.ပစ်တာကို ၀ပ်ပြီးရှောင်ရပါတယ်)
သေနတ်ပစ်ပြိုင်ပွဲ(သူငယ်ချင်းက အကောင်းဆုံးသေနတ်ပစ်ထူးချွန်ဆုရပါတယ်)
ဟင်းဟင်း ရုတ်ရုတ်မလုပ်နဲ.နော် ပစ်ထည်.လိုက်မယ် (ခွဲမှူးတာဝန်ကျစဉ်အမှတ်တရ)
ဗ၀တ ကျောင်းအုပ်ကြီးမှ ဆုချီးမြှင်.နေစဉ်
အကောင်းဆုံးစံပြ ကျောင်းသူ (Best Cadet) ဆုရ မမကျားနှင်.သင်တန်းဆရာများအမှတ်တရ
စာရေးသားချိန်--၄နာရီ၄၅မိနစ်(အဂါင်္နေ)
စင်ကာပူ
4 comments:
စံပြအကောင်းဆုံးကျောင်းသူ(Best Cadet)ဆုရတယ်ဆိုတော့
မမကျား အ၇မ်းတော်တယ်
ကျူတီ ..ဆွေစဉ်မျိုးဆက် ဦးလေး ဒေါ်လေးများကတော့
သိဖူး ဆိုပြီး ပြန်လာကြတာ( ငါးခြောက်ကြော်ဘူးတွေ ကုန်တာတော့ သိတယ်နော် ) အဟတ်
ကြားရင် နရင်း လာအုပ်ကြမယ် ထင်တယ် :)
ဖတ်ရတာပျော်စရာကြီး မ ရေ...း)
သားကြီးကိုကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာအမျိုးသားက ဖောင်ကြီးသင်တန်းတက်နေရတယ် ပထမလမှာမခွဲစဖူးခွဲရတော့မနေနိုင်လို့ဗိုက်တဗျဲဗျဲနဲ့တစ်ပါတ်တစ်ခါ သွားတွေ့တယ် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အလွမ်းသည် ညနေရောက်ရင်မပြန်ချင့်ပြန်ချင်နဲ့ပြန်ရတယ် ဖောင်ကြီးတက်တာနှစ်လပြည့်ကာနီးမှာသားကိုမွေးလို့နောက်ပိုင်းမသွားရတော့ဘူး မမကျားလိုဘဲသူလဲသေနပ်ကြိးနဲ့ဓါတ်ပုံရိုက်ထားတယ် ဟိ..ဟိ သတိရသွားလို့
Hi, I attended Zeya (121). Reading your comments brings back fond memories ( as well as the bad ones!) of friendship. Thanks a lot!
Kimmie
P.S I think you now live in Singapore? I am in Indonesia.
Post a Comment