arial" action="like" colorscheme="light">
Tiger Khin Sein: (-------) သို.၊ ၀န်ခံမှုလွမ်းချင်း

Thursday 27 September 2012

(-------) သို.၊ ၀န်ခံမှုလွမ်းချင်း

     ငါ.ရဲ.ဘ၀တာ အနှစ်(၂၀) ကျော်အချိန်မှာ မင်းကိုစတင်မိတ်ဆက် သိခဲ.ရပေမဲ. ခေါ်ခေါ်ပြောပြော ရောရော ၀င်ဝင် ငါမနေခဲ.ဖူးပါဘူး။ လွန်လေပြီးတဲ. ဆယ်စုနှစ်ကျော် ကာလကမှ မင်းကိုငါ အမိမြေနဲ. မိုင်ပေါင်းထောင်ကျော် ကွာဝေးတဲ.အေးမြတဲ.ဒေသလေးမှာ တို.တွေတဖန် ပြန်လည်ဆုံတွေ.ပြီး ငါ.ရဲ.ကျောင်းသင်ခန်းစာတွေနဲ. လူမော၊ စိတ်မော၊ သောကတောတွေထဲမှာ မင်းဟာ ငါ.ကို ခနတာ ပျော်ရွှင်မူ.ဆီတွေကို ဆွဲခေါ်သွား ခဲ.တာတွေကို ငါဘယ်တော.မှ မမေ.ပါဘူးဟယ်။ သုံးနှစ်တာကာလရဲ. အားလပ်ချိန်အများစုကို မင်းနဲ.အချိန်ဖြုန်းခဲ.ပေမဲ.လည်း ထင်သလောက်မစွဲလန်းခဲ.ဘူးဆိုတာ ငါ.ကိုငါသိနေခဲ.ပါတယ်။
    အချိန်ကျရင် အိမ်ပြန်ရမယ်ဆိုတဲ. အချိန်တန်အိမ်ပြန်ရောက်ခဲ.တဲ.အချိန်တွေမှာတော. ငါ.မိခင်မြေရဲ. မဖွံ.ဖြိုးမှု အတားအဆီးတွေကြောင်. မင်းနဲ.ငါဟာ အရင်လိုနေ.စဉ်တွေ.ခွင်.မသာခဲ.ဘူးလေ၊ တလ တကြိမ်လောက်သာ ငါမရောက်ရောက်အောင် မင်းဆီကို လာတွေ.ခဲ.ပေမဲ. ငါ.ရဲ.စိတ်ကို အမှန်အတိုင်းပြောရရင် မင်းကို ငါစွဲလန်းမှု မရှိခဲ.ဖူးဆိုတာကို ငါထပ်ပြီး ၀န်ခံပါရစေဟယ်။
     ရက်လနှစ်တွေ တိုက်စားပြီး လွန်ခဲ.တဲ. လေးနှစ်ကျော်ကာလမှာ ငါဟာ ကျွန်းပိစိကွေးလေးပေါ်ကို မထင်မှတ်ဘဲ ဆိုင်းမဆင်.ဘုံမဆင်. ရွက်လွှင်.လာခဲ.ပြီးတဲ.နောက် ငါဟာမင်းကို တနေ.မှ မတွေ.ရရင် ဘိန်းရှုဖို. မရှိလို. ယင်းထနေတဲ. ဘိန်းသမားလို၊ ယစ်ရွှေရည်တစ်ခွက်နဲ. မျက်နှာမသစ်ရလို. ကတုန်ကယင် ဖြစ်နေတဲ. ယစ်ထုတ်ကြီးလို၊ ဆေးလိပ်တစ်လိပ်မှ လက်ကြားထဲ မညှပ်ရရင် နေမထိ ထိုင်မသာ ဖြစ်နေတဲ. ဆေးလိပ်စွဲသမားတစ်ယောက်လို၊ ကွမ်းတယာလေးကိုမှ ရွှေနှုတ်ထဲမှာ ငုံမထားရရင် ဂနာမငြိမ်ဖြစ်နေတဲ. ကွမ်းဂျိုးတစ်ဦးလို ဖြစ်တည်ခံစားနေရပြီ ဆိုတာကို ငါဒီနေရာကနေ ၀န်ခံမိသွားပါပြီ  (--------) ရယ်။
   




                                   
                                  (  အထက်ပါပုံကို ဂူးဂဲလ်ဒေါ.ကွမ်းမှ ရှာဖွေရယူပါတယ်)







 စာကြွင်း------( လေးရက်တာ အင်တာနက်ကွန်နက်ရှင် ပြတ်တောက်မှု.ကြောင်. ဖြစ်ပေါ်လာရသော မမကျားရဲ. ရင်တွင်းခံစားမှု.သက်သက်သာ ဖြစ်ပါကြောင်း)

စာရေးသားချိန်--၂၇ ရက် စက်တင်ဘာလ၊၂၀၁၂(ကြာသပတေးနေ.)
                           စင်ကာပူ













12 comments:

Phyu Lwin 27 September 2012 at 01:26  

မမကျားရေ အင်တာနက်ကို တော်တော် စွဲလမ်းနေပါလား.. ညီမလေးအတိုင်းပဲ :)) အားရင် စာတွေရေးပါဦးမမရေ.. စာရေးကောင်းတယ် အမြဲအားပေးနေပါတယ် ..

Unknown 27 September 2012 at 03:12  

မမကျား ရေ- စားအရေးအသားလေးကောင်းလိုက်တာ

စံပယ်ချို 27 September 2012 at 03:48  

အင်တာနက် အဆက်ဖြတ်ခံရတာလေးကို ဘိမ်းသမားတစ်ယောက်နဲ့ နှိုင်းပြထားပုံလေး သဘောကျမိတယ် စာရေးသားတဲ့နေရာမှာ ဂျက်ထက်သာတယ် တကယ်ရေးတတ်ပါတယ်
ခင်မင်တဲ့ jasmine

လွင်ပြင်လှိုင်းငယ် 27 September 2012 at 04:26  

မမကျားခံစားချက်လေးအားပေးသွားပါတယ် ။

Thamee Su 27 September 2012 at 07:24  

မမကျားရေ လွမ်းနေတာ စာအရေးအသားအရမ်းကောင်းတယ် မမကျား ဟင်းချက်တင်မဟုတ် စာအရေးလဲကောင်းတယ် ချစ်မ

Thamee Su 27 September 2012 at 07:25  
This comment has been removed by the author.
Thamee Su 27 September 2012 at 07:25  
This comment has been removed by the author.
Anonymous,  27 September 2012 at 17:24  

တူလိုက်တာမမကျားရေ ရေးထားတာအရမ်းမိုက်တယ် ခင်မင်လျှက် သီတာ

khin 28 September 2012 at 00:10  

လာလည်အားပေးကြတဲ. မောင်လေး၊ညီမလေးတွေကို မမကျားက ကျေးဇူးတင်ပါတယ်နော်။

Aungnyc 28 September 2012 at 15:27  

စွဲ နေပြီ ..

ခင်မင်စွာဖြင့်

မြတ်နိုးသူ 1 October 2012 at 01:27  

မမရဲ့ရင်တွင်းဖြစ်လေးကိုအားပေးခံစားသွားပါတယ်

Tuumar 4 October 2012 at 15:53  

ခံစားချက်လေးကိုဖတ်ပြီး အရေးအသားညက်တဲ့မမကျားကိုအားကျလိုက်တာ

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP