မမကျား၏ ကိုရီးယားကင်ချီ
အလုပ်ပေါင်းစုံရှုတ်နေတာနဲ. ဘလောဂ်ဘက်ကို ခြေဦးမတည်ဖြစ်တာ တော်တော်ကြာပါပြီ။ ဒီနေ.တော. မမကျားကိုယ်တိုင် လုပ်ထားတဲ. ကင်ချီလေးကို တင်လိုက်ပါတယ်။ လုပ်ရတာ အရမ်းလွယ်ပါတယ်။ မမကျားရဲ. အားနည်းချက်ကတော. ဘာချက်ချက် အတိုင်းအတာထက် လက်မှန်းကို သုံးတာများပါတယ်။ ဒါပေမဲ. အခုလုပ်တာလေးကတော. အတော်လေးကိုစားကောင်းပါတယ်ကွယ်။ (ကိုယ်.ငါးချဉ်၊ ကိုယ်ချင်တာများလားဟင်)
မုံလာဥနီ၊ ကြက်သွန်မိတ်ကို လက်ညှိုးဆစ်ခန်. လှီးဖြတ်ထားပုံ
ကြက်သွန်နီ၊ ပုဇွန်ခြောက် အနေတော် ထောင်းထားပုံ ( ပုဇွန်ခြောက်မထည်.လည်းရပါတယ်)
ပန်းသီးတခြမ်းထောင်းထားပုံ
နယ်ရန်အတွက် အရောင်တင်မှုန်.၊ ဆား၊ ဗင်နီဂါ(ပန်းသီးဗင်နီဂါ)၊ ကြက်သားမှုန်.၊ ငါးငံပြာရည်၊ သကြား၊အထက်က ထောင်းထားတာတွေ စုပေါင်းပြီးထားပုံ
အားလုံးနယ်ထားပြီးပုံ
ကြာရှည်ထားမည်. ဗူးထဲတွင် ကင်ချီများကို ဂုတ်နှိပ်ထည်.ထားပုံ
အပြင်တွင်အနည်းဆုံး (၂၄)နာရီခန်.ထားပြီး နောက်ရက်တွင် ရေခဲသေတာထဲ ထည်.ပါရန်
နောက်(၂)ရက်ဆိုလျှင် စားသုံးရန် အသင်.ဖြစ်ပါပြီနော်။ (ဇွန်းသန်.သန်.နှင်.နှိုက်ပါနော်)
ဘလောဂ်လာရောက် လည်ပတ်သူ ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို.ဖြင်. ပြည်.စုံပါစေနော်။
စာရေးသားချိန်--(၁၂)နာရီ(၅၅)မိနစ်၊၇.၄.၂၀၁၃(တနင်္ဂနွေနေ.)
စင်ကာပူ
6 comments:
အမ ပန်းသီး ဗင်နီကာ ဆိုတာဘာလဲဟင်
apple cider ကိုပြောတာထင်ပါတယ်
ူပန်းသီးအရည်ညစ်ပြီး လုပ်ထားတဲ. ရှာလကာရည်ပါ။ Heinz နံမယ်နဲ.ထုတ်ပါတယ်။apple cider ဟုတ်ပါတယ်။ ဘယ်ရှာလကာရည်သုံးသုံး ရပါတယ်ညီမလေးရေ။
စားချင်တယ် မမကျားရေ
တစ်နေ့လောက် မမကျားလုပ်သလို လုပ်စားအုံးမယ်
အစ်မက အမစ က မခင်စိန်လားဟင်
Post a Comment