ဝါဆိုသင်ကန်းအလှုတော်
ပြီးခဲ.တဲ. သောကြာနေ.က အမျိုးသားနဲ. စကားစမြည်ပြောရင်း ကျွန်မတို. ရန်ကုန်မှာဆို နှစ်တိုင်းဝါဆိုသင်ကန်းကို အိမ်မှာဖြစ်ဖြစ်၊ ယောက်ခမအိမ်မှာဖြစ်ဖြစ် ကပ်ဖြစ်ကြပြီး စင်ကာပူရောက်မှ ပျက်ကွက်နေတယ်လို. ပြောနေတုန်း သူငယ်ချင်းစီက ဖုန်းလာခဲ.တယ်။ သူက ဘုန်းဘုန်းဦးသုပိယရဲ. ဗုတ်ဒဂါယာ သုခရာမကျောင်းမှာ အခုလာမယ် တနင်ဂနွေ ဂျပန်နိစ်ဂါးဒင်းမှာ
စုပေါင်း ၀ါဆိုသင်ကန်း ကပ်ပွဲရှိတယ် လိုက်မလားလို.ဆိုလိုက်တော.အတော်အဆင်သင်.ဖြစ်သွားပြီး သွားကြမယ်လို.ချိန်းဖြစ်ကြတယ်။
ဒါနဲ.ဘဲ ဒီကနေ.မနက်စောစော မိသားစု စောစောထကြပြီး သူငယ်ချင်းသားအမိနှင်.ချိုင်းနိစ်ဂါးဒင်း အမ်အာတီကို သွားကြပြီး၊ အမ်အာတီကနေအတွင်းကို လမ်းလျှောက်သွားကြတယ်။ ဟိုေ၇ာက်တော. ၉နာ၇ီ ၁၅လောက်ဖြစ်နေပြီး နဲနဲစောနေသေးတော. လှုဒါန်းတဲ.နေရာမှာ သိပ်မစောင်.၇ဘဲ ဆရာတော်ကြီးကို သင်ကန်းကပ်ကြပါတယ်၊ ဆရာတော်ကြီးကသမီးလေးကို မှတ်မိနေပြီး ငါ.ရဲ.ကျောင်းသားလေးလို.ပြောတယ်၊ စင်ကာပူကိုရောက်တဲ. ၂၀၀၈ ခုနှစ်တုန်းက ဆရာတော်တို.ဘုန်းဘုန်းကျောင်းက ဂျုရောင်းဝက်စ် မှာရှိပြီး ဗုတ်ဓဘာသာ သင်တန်းတွေ၊ မြန်မာစာအရေးအဖတ်သင်တန်းတွေ။ အကသင်တန်းတွေပေးတော. သမီးက အဲဒီမှာ ၁ လနီးပါးလောက် တက်နေတုန်း ဘုန်းဘုန်း အကြောင်းကြောင်းကြောင်. သင်တန်းတွေပိတ်လိုက်၇တယ်လေ။ အဲဒီမှာ စတက်ကတည်းက သမီးလေးက ညစဉ်ညတိုင်း ဘုရားနဲ.မိဘ၂ ပါးကို ရှိခိုးပြီးမှ အိပ်တတ်တဲ.အကျင်.ကောင်းလေးကို ရလိုက်တယ်။ ဘုန်းဘုန်းကိုကျေးဇူးတင်ရှိခိုးဦးချပါတယ်။ ပြီးတော.ဘုန်းဘုန်းက ၁၀ နာရီမှာ တရားပွဲစမယ်လို.ပြောတော. တရားပွဲစောင်.၇င်း သူငယ်ချင်းနဲ. စကားစမြည်ပြောနေတုန်း အကျွေးအမွေးတွေရပြီလို. ကြားတာနဲ. သွားစားကြတာ စတုဒီသာလှုတဲ. သူများလည်း လှုကြတန်းကြတာ အားရစ၇ာကောင်းပြီး လက်ရာတွေကလည်းကောင်းလို. စားလိုက်ကြတာ၊ နန်းကြီးသုတ်၊ ရခိုင်မုန်.တီ၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန်.၊ လဘက်ရည်နှင်.ဆမူဆာ၊ေ၇ွ၇င်အေး စသဖြင်.အကုန်လုံးစားလို.ကောင်းလိုက်တာ အလှုရှင်များကိုလည်းကျေးဇူးတင်ပါတယ်။ လုပ်အားအလှုဒါနပေးကြတဲ.ညီအကိုမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်။ နန်းကြီးသုတ်စားပြီးရော တ၇ားပွဲကိုစပါတယ်။ အခန်းအနားမှူးကလည်း အခန်းအနားအစီအစဉ်ကို ကြေညာပြီး အစီအစဉ်စပါတယ်။ ရန်ကုန်ကအလည်ရောက်နေတဲ. ကျောင်းအုပ်ဆရာမကြီးကလည်းဆရာတော်ကို ကိုယ်တိုင်ရေး ရတုပိုဒ်စုံနဲ.ပူဇော်ပါတယ်၊ ပြီးတဲ.နောက် ဆရာတော်က
ဝါဆိုသင်ကန်း လှူဒါန်း၇ခြင်း အကြောင်းကို အလှူဒါန၇က်ေ၇ာခဲ.တဲ. ၀ိသာခါ ကျောင်းအမကြီးကို စံနမူနာထားပြီး တရားရေအေး အမြိုက်ဆေးကိုတိုက်ကျွေးပြီး သာဓုအနုမောဓနာ ၃ ကြိမ်ခေါ်ဆိုပြီး တရားပွဲကိုသိမ်းလိုက်ပါတယ်၊ တရားပွဲပြီးတဲ.နောက်မှာ နောက်ပိုင်းအကျွေးအမွေးနဲ.ဆက်လက်ဧည်.ခံပါတယ်။ ညနေပိုင်းတရားပွဲအစီအစဉ်ရှိသောလည်းဘဲ သမီးလေးရဲ.
ကျူရှင်ရှိတာကြောင်. နေ.လည်အချိန်မှာပြန်ရပါတော.တယ်။
1 comments:
5 ကြောင်းမြောက်က ချိုင်းနိစ်ဂါးဒင်းလား ဂျပန်းနိစ် ဂါးဒင်းလား... (မသေချာ၍.. ) :P
အောက်မှာတော့ ချိုင်းနိစ်ဂါးဒင်းရေးထားလို့
Post a Comment