သမီးလေးအကြိုက် WADORI မှ BBQ SET
ပြီးခဲတဲ.နှစ်ပါတ်လောက်က မိသားစု Jurong Point ကိုသွားတော. WADORI ဆိုင်မှာ ကြက်သားကင် BBQ စားတော. ဆိုင်ကိုပြန်ပြီး Renovate လုပ်တဲ.အထိမ်းအမှတ်နှင်. S$ ၁ တန် discount ဘောင်ချာ ၅ ခု၇ခဲ.တယ်။ ဘောင်ချာထဲမှာ အနည်းဆုံး၁၀ကျပ်ဖိုးစားမှ S$ ၁ ဖိုး၇မှာဖြစ်ပြီး July ၃၁ရက်နေ.နောက်ဆုံးနေ.ဖြစ်ပါတယ်။ ဒါကြောင်.သမီးလေးက မာမီသူ S$ ၅ကျပ်စိုက်ပြီးစားကြရအောင်ဆိုပြီး ပိုက်ဆံစုတာ S$ ၃ကျပ်ပဲရသေးတာနဲ. သနားပြီး မာမီအကုန်စိုက်ပြီး ဒီနေ.သမီးအချိန်ပိုမရှိတဲ.အတွက်ပြန်လာရင် သားအမိနှစ်ယောက်သွားစားကြမယ်ဆိုပြီး မနေ.ညကမအိပ်ခင်တိုင်ပင်ကြတော. သမီးကမာမီ Take away percel ဘဲထုတ်လာပေးလို.ပြောတဲ.အတွက် ဒီမနက် Fair Price Xtra မှာဈေးဝယ်ပြီးနောက် WADORI ဆိုင်ကို ချီတက်ပြီး Set B နဲ.Set C ကို Parcel ၀ယ်လာခဲ.တယ်။ မြန်မာစိတ်နဲ.ဆိုရင် မတန်ဘူးလို.ပြောလို.ရပေမဲ. ကိုယ်တိုင်လုပ်ရင် ဒီလောက် စားမကောင်းတော.လည်း တစ်ခါတစ်ရံ ၀ယ်စားလိုက်တာပေါ.နော်။ BBQ Parcel ဓါတ်ပုံလေးတွေကိုလည်း တင်ပေးလိုက်ပါတယ်။ Set B က ၅ကျပ်၆၀ပြားပေးရပြီး၊သူ.ဗူးထဲမှာ ရှမ်းဆန်လိုထမင်း၇ယ်၊ ကြက်သားကင်၊ ၀က်သားလုံးကင်၊ ငါးရှဉ်.ပြားကင် နဲ. ခရမ်းေ၇ာင်ရှိတဲ.အချဉ်လေးနဲနဲပါပါတယ်။ Set C က ၅ကျပ်၅၀ပြားဘဲပေးရပြီး ထမင်း၊ကြက်သားကင်၊
ဝက် သားလုံးကင်၊ ၀က်သုံးထပ်သားပြားကင်နဲ.အချဉ်ပါပါတယ်။ ဒီနေ.နေ.လည်စာတော. သားအမိနှစ်ယောက် WADORI က BBQ နဲ.ဘဲ နှစ်ပါးသွားလိုက်ကြပါတယ်။
ပါဆယ်ထုတ်ပုံ
Set B ပုံ Set C ပုံ
2 comments:
မစားဖူးသေးဘူး
twar sar kyi oo mal a ma yay.
Post a Comment