arial" action="like" colorscheme="light">
Tiger Khin Sein: (၂၅)နှစ်ပြည်. ငွေရတုအမှတ်တရ

Saturday 14 July 2012

(၂၅)နှစ်ပြည်. ငွေရတုအမှတ်တရ

     ယနေ. ၁၄.၇.၂၀၁၂ နေ.ဆိုရင် မမကျားနဲ. အိမ်ဦးသခင်တို. တူနှစ်ကိုယ် ဘ၀လမ်းကို လျှောက်လှမ်း  ဖို.အတွက် နှလုံးသားကို အပ်နှင်းခဲ.တဲ. အထိမ်းအမှတ် (၂၅)နှစ် ပြည်.မြောက် တဲ.နေ.ဖြစ်ပါတယ်။   မြန်မာပြည်မှာဆို နံနက်စောစောထ ရွေတိဂုံဘုရားတက် ပန်း၊ ဆီမီး၊ အလှူငွေ လှူဒါန်းပြီး ညနေမှာ စားသောက်ဆိုင် တစ်ခုခုမှာ သွားစားကြတာပေါ.နော်။ စင်ကာပူကျွန်း နိုင်ငံလေးမှာတော. လုပ်ငန်း တာဝန်တွေက များပြားလှတော. ဘယ်မှ မသွားဖြစ်ပါဘူး။ 
    ဒါပေမဲ. ညီအမလိုခင်နေတဲ. ခိုင်ခိုင်က သူ.အိမ်မှာ ဒီနေ. ၀ါဆိုသင်္ကန်းကပ်လို. ဖိတ်လို. မမကျားတစ်ဦး ထဲ သွားဖြစ်တယ်။ အမျိုးသားက အလုပ်သွား၊ သမီးလေးကလည်း အရွယ်လေးရလာတော. ဘယ်သွားသွား သိပ်မလိုက်ချင်တော.ဘူးလေ၊ ခိုင်ခိုင်တို.အိမ်မှာဘဲ ညီမလေးလင်းလင်းတို. စုံတွဲနဲ.တ၀ိုင်းတည်း ထိုင်စားကြ၊ လေကန်ကြရင်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီညီမလေးက အမပြောပုံ ဆိုပုံနဲ. အမ ဘလောဂ်.ရေးလားလို. မေးတော. ကျွန်မတောင်ရုတ်တရက် အံ. သြသွားတယ်။ အဲဒီတော.မှ ညီမလေးခိုင်ခိုင်နဲ.သူ.အမျိုးသား၊ မနွယ်(ဘလော.ဂ်ဂါ-နေ.များရဲ.ဇနီး) တို.လည်း သိသွားပြီး စကားစမြည်တွေ ပြောဖြစ်ကြတယ်။ အဲဒီ ညီမလေးလင်းလင်း က သူ မမကျားရဲ. မိခင် အကြောင်း  ရေးထားတာကို ဖတ်ပြီး မျက်ရည်ဝဲခဲ.ရတယ်ဆိုတဲ.အကြောင်း သူ.ကျားကျားရဲ.ပိုစ်တွေကို ဖတ်ဖြစ်တယ်ဆိုတဲ. အကြောင်းတွေကိုသိခဲ.ရလို. အရမ်းဝမ်းသာရပါတယ်။
     ကြားဖြတ်ပြီ ကြော်ငြာဝင် ပါရစေနော်၊ အဲဒီညီမလေး လင်းလင်းက ဒံပေါက်၊ ထောပတ်ထမင်း၊ ပဲထမင်း၊ မွေးနေ.တရုပ်စာ ဘူဖေးတွေကို၊ မှာသူ အကြိုက် အော်ဒါလက်ခံပေးပါတယ်၊ စားဖူးသူ ညီမလေးတွေကလည်း ပြောတယ် တော်တော်ကောင်းတယ်တဲ.။ မနက်ဖြန် ချိုင်းနိစ် ဂါးဒါန်း၊ ဖဲဝေးကလပ်မှာ ကျင်းပမယ်. ဆရာတော်ဦးသုပိယကျောင်း ၀ါဆိုသင်္ကန်းကပ်ပွဲမှာ ကျွေးမယ်. ဒံပေါက်ထမင်းက ညီမလေးလင်းလင်းရဲ. လက်ရာဖြစ်ပါတယ်။ ဘလောဂ်ဂါ ညီအကိုမောင်နှမများ စင်ကာပူမှာ အလှူလုပ်မယ်ဆိုရင် သတိတရနဲ. စိတ်ကြိုက်ပြောဆိုမှာယူနိုင်ပါတယ်နော် (ဟိဟိ ကြော်ငြာခ မရပါဘူးနော်)။
     ညနေ အမျိုးသား အလုပ်က ပြန်လာတော. JURONG POINT  မှာ အမျိုးသားက အမှတ်တရ အနေနဲ. CHARLES & KEITH  က အိတ်လှလှလေး တစ်လုံး ၀ယ်ပေးပါတယ်( ဟိဟိ လိုချင်တာ LV တို. COACH တို.ပါကွယ်)။ ဘာဘဲဖြစ်ဖြစ် ကြိုက်ပါတယ်။ အချိန်ပေးပြီး လာဖတ်ကြတဲ. ညီအကိုမောင်နှမ အားလုံးကို မမကျားက ကျေးကျေးပါလို.။

               ဒီရွက်လှပင်လေးတွေက ညီမလေးခိုင်ခိုင် ပေးလို.စိုက်ထားတာ ပွားနေတာပါ။







            ညီမလေးခိုင်ခိုင် ပေးသော ပျားမြီးပင်(သွေးချို၊ဆီးချိုသမားများ အရွက်စားလျှင် ပျောက်ပါသည်)






                                         ညီမလေး လင်းလင်းရဲ. ဒံပေါက်ကြော်ငြာကဒ်လေးပါ
                                    ဆက်သွယ်နိုင်တဲ. ဖုန်းနံပါတ်နဲ. အီးမေးလ်လိပ်စာလေးပါ





                 မမကျား ချစ်ချစ်ကြီး ၀ယ်ပေးတဲ. CHARLES & KEITH က အိတ်လေးပါနော်

စာရေးသားချိန်--၁၄.၇.၂၀၁၂ (စနေနေ.)
                       --စင်ကာပူ

7 comments:

စံပယ်ချို 14 July 2012 at 08:53  

မမကျားတို့ ၂၅ နှစ်တဲ့နော်
နဲတဲ့နှစ်လားရှင်
ဒီလို ၂၅ နှစ်ပြည့်လေးမှ နောင်နှစ်ပေါင်းများစွာ
စိတ်တူကိုယ်တူ သံယောဇဉ်တွေတူပြီး
ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေး
ထာဝရ ခိုင်မြဲပါစေလို့ရှင်
အပင်လေးတွေကြည့်ခဲ့ပါတယ်
လင်းလင်းရဲ. ဒံပေါက်ကြော်ငြာကဒ်လေး
လဲယူထားလိုက်ပါတယ်ရှင်

Unknown 15 July 2012 at 02:08  

မမကျားရေ- ၂၅ နှစ်ပြည်မင်္ဂလာရက်မြတ်မှသည် ချင်ခင်ရသူနှင့် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ အတူတကွလျှောက်လှမ်းနိုင်ပါစေရှင်...း)

လွင်ပြင်လှိုင်းငယ် 15 July 2012 at 04:06  

မမကျားတို့ ၂၅နှစ်မှ နှစ်ပေါင်းများစွာ ချစ်ခင်ပျော်ရွှင်ရင်
ဘ၀ကိုကျော်ဖြတ်နိုင်ကြပါစေ ။

ညိမ်းနိုင် 15 July 2012 at 07:18  

ရောက်တယ် တီ...၊နောက်မှအဟောင်းတွေပြန်ရှာဖတ်
ရမယ်....၊ခုတော့ အန်တီတို့၂၅နှစ်ပြည့်လေးကို အားကျ
စွာဖတ်သွားပါတယ်ခင်ဗျ...။

Q-te 17 July 2012 at 23:37  

ဤသို့ချစ်ချင်းများလည်း လောကကြီးမှာ ရှိသေးတဲ့အတွက် အားကျ လေးစားမိပါတယ်
ငွေရတု ၂၅ နှစ်ဆိုတာ ညလေး အသက်နီးပါပဲ
ငွေရတု ရွှေရတု စိန်ရတု မှသည် ရတု အဆက်ဆက် ပျော်ရွှင်အတိ စိတ်သွားတိုင်းကိုယ်ပါ ဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေလို့
ကောင်းချီးသြဘာပေးလိုက်ပါတယ် ရှင်

Tuumar 18 July 2012 at 01:31  

မမကျား
ငွေရတုမှသည်
ရတုအဆက်ဆက်
ဆင်နွဲပျော်ပွဲ
ပန်ဆင်နိုင်ပါစေနော်

Aungnyc 24 July 2012 at 23:49  

မမကျား နဲ့ ကျား သခင် တို့ အကြင်လင်မယား နှစ်ယောက် ငွေရတု မှ ရွှေ၊စိန် ရတုတိုင် ပျော်ရွှင်စွာ ပေါင်းသင်း နိုင်ကြ ပါစေ...

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP