arial" action="like" colorscheme="light">
Tiger Khin Sein: အကြိမ်(၃၀)မြောက် အိုလံပစ်အားကစားပြိုင်ပွဲဖွင်.ပွဲအခန်းအနား

Saturday 28 July 2012

အကြိမ်(၃၀)မြောက် အိုလံပစ်အားကစားပြိုင်ပွဲဖွင်.ပွဲအခန်းအနား

     (၂၇) ရက် ဇူလိုင်လ မှ (၁၂)သြဂုတ်လအထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို.၊ အိုလံပစ်အားကစားကွင်းမှာ အကြိမ်(၃၀)မြောက် အိုလံပစ်အားကစားပြိုင်ပွဲကို အားကစားသမား(၁၀၅၀၀)ဦးဟာ ကစားနည်း(၂၆)မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမားများလည်းပါဝင် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ဖွင်.ပွဲအခန်းအနားကို စင်္ကာပူစံတော်ချိန် နံနက် (၃)နာရီကျော်မှာ ပြမှာမို. ထမကြည်.ဖြစ်တော.ဘဲ (၂၈)ရက်နေ. ညနေ (၆)နာရီမှာ ပြန်ပြတာကြောင်. အဲဒီအချိန်မှဘဲ ပြန်ကြည်.ဖြစ်ပြီး စာဖတ်ဘလောဂ်ဂါတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။
     စစချင်း အခန်းအနားတည်ဆောက်သူ ဒါရိုက်တာ Danny Boyle (Slumdog Millionaire ရုပ်ရှင်ရိုက်ကူးသူ) မှ ကျေးလက်ခေတ်ဆီမှ သည် အိုလံပစ်တံဆိပ် သံကွင်း ၅ကွင်းကို ထုလုပ်ပြီး သရုပ်ဖော်သည်အထိ ကြည်.ရှု.သူများ အံ.သြရလောက်အောင် လက်စွမ်းပြသွားပါတယ်။
















အဲဒီနောက်တော. James Bond မင်းသား Daniel Craig က Queen Elizabeth ၊၊ ကို သူမနေထိုင်ရာ စံအိမ်တော်ကို သွားခေါ်ပြီး Helicopter နဲ. အိုလံပစ် အားကစားကွင်းရှိရာကို အချိန်ကိုက်သွားခေါ်ပြီး နိုင်ငံတော်ရဲ. အလံတော်ကို လွင်.ချီပြီး အားကစားကွင်းထဲ.ကို လေထီးနဲ. နှစ်ယောက်ခုန်ဆင်းတဲ.အခန်း ( တကယ်ဆင်းတော. ဘုရင်ကကြီးဘယ်ဆင်းနိုင်မှာလဲနော်၊ အခြားတစ်ဦးအစားထိုးတာပေါ.နော်) ကိုပြသပါတယ်။



























ပြီးတဲ.နောက် Mr. Bean ရဲ. ဟာသပြကွက်လေးကို ပရိတ်သတ် မပျင်းရအောင် ဖျော်ဖြေသွားပါတယ်။







ဆက်လက်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် ပြိုင်ပွဲဝင်သူတွေဟာ ကွင်းထဲကို စီတန်းလှည်.လည် ၀င်ရောက်တဲ. အစီအစဉ်ဘဲ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်လည်းရောက်ရော မမကျားတို.စုံတွဲ ညနေလမ်းလျှောက်တဲ. အချိန်ဖြစ်နေတာကြောင်. သမီးလေးကို ရိုက်ခိုင်းခဲ.ပါတယ်၊ လမ်းလျှောက်ပြီး ပြန်လာတော. သမီးလေးက မကြေမနပ်ပြောရှာတယ်။ (မာမီ  မာမီ သူများနိုင်ငံတွေအလှည်.ကို အကြာကြီးပြပြီး သမီးတို.မြန်မာအလှည်.ကျတော. ၅ စကန်.တောင်မကြာဘူးလို. စိတ်မကောင်းစွာပြောရှာတယ်) ။ အဲဒီတော. မမကျားလည်း စိတ်မကောင်းစွာနဲ.ဘဲ သမီးလေးကို နှစ်သိမ်.လိုက်ပါတယ်၊ သမီးလေးရယ် မာမီတို.နိုင်ငံကြီး ဖွံ.ဖြိုးတိုးတက်ပြီး နိုင်ငံတကာနဲ. ရင်ဘောင်တန်းနိုင်တဲ.အချိန်ရောက်ရင် မာမီတို.နိုင်ငံကို မြန်မာဆိုပြီး အကြာကြီးပြမှာပေါ.လို.နော် ( စိတ်ထဲမှာတော. ဘယ်နေ.လဲ....ဘယ်နေ.လဲ)



























အောက်ပုံကတော.  Mr. Lord Coe, Chair Person, London Organising Committee of the Olympic Games နှုတ်ခွန်းဆက်နဲ. ကျေးဇူးတင် စကားပြောနေတာဖြစ်ပါတယ်။



ဒီပုံကတော. Mr. Jacques Rogge, International Olympic Committee President နှုတ်ခွန်းဆက်နဲ. ကျေးဇူးတင်စကား ပြောနေတာဖြစ်ပါတယ်။
အဲဒီနောက် မစတာ ဘန်ကီမွန်း အပါအ၀င် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များနဲ. နိုင်ငံတကာမှ အထင်ကရ (၈)ဦးဟာ အိုလံပစ်အလံကို လွင်.တင်ပို.အတွက် ကွင်းထဲကို သယ်ဆောင်လာပုံဖြစ်ပါတယ်။





နောက်ဆုံးအနေနဲ. ဘုရင်မကြီးက အခန်းအနားကို ဖွင်.လှစ်ကြောင်းကြေငြာ အပြီးမှာ ကွင်းပုံစံကို မီးရှုးမီးပန်းတွေနဲ. ဝေေ၀ဆာဆာအလှဆင် ပုံကိုတွေ.ရမှာဖြစ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်နော်။

စာရေးချိန်--၂၈.၀၇.၂၀၁၂(တနင်္ဂနွေနေ.)
                    စကာၤပူ

9 comments:

စံပယ္ခ်ိဳ 28 July 2012 at 23:46  

မနေ့က tv မှာအရင်အဟောင်းတွေပြနေတဲ့
သတိရပြီးကြည့်ချင်သိချင်နေတာ
အတော်ပါပဲ မမကျားရေ

James Bond မင်းသား Daniel Craig
က jas ကိုတော့ဘာကြောင့်လာမခေါ်ရတာလဲ
James Bond မင်းသားတွေကိုjas အရမ်းကြိုက်တာ
ပုံတွေပြည့်ပြည့်စုံစုံလေးကြည့်ခဲ့ရလို့ကျေးဇူးတင်ပါတယ်
မမကျား ချမ်းမြေ့ပါစေရှင်

ညိမ်းနိုင် 29 July 2012 at 08:12  

တီတီကျားရေ.....အနော်တို့ညန်မာနိုင်ငံကို အကြာကြီး
ပြမယ့်အချိန်က ဘယ်နေ့လဲ....ဘယ်နေ့လဲ....ဘယ်နေ့
လဲ....လို့ သုံးကြိမ်သုံးခါတိုင်တိုင်မေးသွားတယ်ဗျိုးးးးးးးး

လွင်ပြင်လှိုင်းငယ် 29 July 2012 at 21:56  

tvမှာမကြည့်လိုက်ရဘူး ပုံလေးတွေအတွက်ကျေးဇူးပါနော်

Anonymous,  31 July 2012 at 02:39  

အားပေးနေတယ်မမကျားရေ

မိုးသက် 31 July 2012 at 06:42  

လာကြည့်သွားတယ်မမရေ..။ တစ်နေ့နေ့ ပေါ့မမရယ်.။ ရောက်လာမှာပေါ့..။

မိုးသက် 31 July 2012 at 06:42  

လာကြည့်သွားတယ်မမရေ..။ တစ်နေ့နေ့ ပေါ့မမရယ်.။ ရောက်လာမှာပေါ့..။

တွတ်တွတ် 12 August 2012 at 22:38  

ဖွင့်ပွဲပုံလေးတွေလှလှပပမှတ်တမ်းလေးကျန်ခဲ့သလို..
ပိတ်ပွဲမှတ်တမ်းပုံလေးတွေလည်း.တင်ပေးဦးနော်..
မမကျား...

Tuumar 13 August 2012 at 02:57  

ဒီနေ့အိုလံပစ်ပွဲပိတ်တဲ့နေ့နော် မမကျား
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ မာမာအလည်လာဖြစ်ခဲ့ပါတယ်

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP