ရန်ကုန်ပြန်အတွေ.အကြုံ
၂၀၁၂ခုနှစ် နိုဝင်ဘာလကနေပြီး ဒီဇင်ဘာလအထိ မြန်မာပြည်ကိုမိသားစု အလည်ပြန်ကြခဲ.တုန်း အတွေ.အကြုံလေးတွေကို ဖောက်သည်ချပါတော.မယ်။
၂၀၁၂ ခုနှစ်အရှေ.ပိုင်း နှစ်များမှာဆိုရင် မမကျားတို.နေတဲ. စမ်းချောင်း ဗဟိုလမ်း(ရှမ်းလမ်း) ကို လမ်းဖြတ်ကူးရင် ဆင်မယဉ်သာလေး လှမ်းပြီးဖြတ်လျှောက်လို.ရပေမဲ. အခုတော. အဲဒီလိုဖြတ်လို.ကတော. မနက်က ကူးတောင် ညမိုးချုပ်တဲ.အထိကူးလို.ရမှာ မဟုတ်တော.ပါဘူး။ အရင်အိမ်ကသူတွေကို လမ်းဖြတ်ကူးရင် လမ်းလည်မှာမရပ်နဲ. တခါတည်း ဟိုဘက်ဒီဘက် အပြီးကူးလို. ပြောထားပေမဲ. အခုမရတော.ပါဘူး။ လမ်းတ၀က်ကူးပြီးမှ နောက်တစ်ဝက်ကို တစ်ခါကူးမှ လိုရာခရီးကို ရောက်မှာပါ။ မြန်မာပြည်ကြီး ကားတွေပေါလာတဲ. သဘောပါ၊ စလုံးမှာတောင် မမြင်ဘူးတဲ.ကားတွေကို တွေ.ရလို.
ဝမ်းသာစရာပါ ဒါပေမဲ. ကားတွေပေါပြီး အခုသင် အခုမောင်းသူတွေကြောင်. ကားတိုက်မှုတော်တော် များများကိုလည်း မျက်မြင်ကိုယ်တွေ.ပါ။ ကားမောင်းသူတွေ လိုက်နာရမယ်. စည်းကမ်းတွေကိုလည်း လိုက်နာမူ.နဲပြီး ကိုယ်မောင်းချင်သလို မောင်းနေကြပါတယ်။
ကားတွေပေါပြီး လမ်းတွေကျောက်ပေါက်မရာတွေထနေတာလဲ ဒုနဲ.ဒေးပါဘဲ။ ဒါပေမဲ. အစိုးရကလည်း သူတတ်နိုင်တဲ. ဘက်ကတော.ဖာထေးနေတာပါဘဲ ဖာလိုက်ပေါက်လိုက်နဲ. ဘ၀သံသရာပေါ.နော်၊ ရပ်ကွက်ထဲမှာ လာဖာသွားတော.လည်း အတိတ်ကအတိုင်းဘဲ လက်သင်.ရာ စတော်ခေါ်ပြီး ခင်းကြတော. လမ်းအစည်းအဝေးမှာ ဗလောင်သံတွေဆူသွားတယ် ဆိုတာတွေလည်း ကြားခဲ.ရပါတယ်။
လမ်းများကို ဖာထေးခင်းနေပုံ
နောက်တစ်ခုကတော. ခွေးလေခွေးလင်.တွေပေါပြီး သွားတဲ.လမ်းတိုင်းမှာ လက်မလေးကို လက်သီးကြားထဲ ထည်.ပြီးသွားရတာလည်း အမောပါဘဲ ခွေးကိုက်မှာ ကြောက်လို.ပါ။ စိတ်အညစ်ဆုံးအချိန်ကတော. မနက်စာလေး ရပ်ကွက်ဆိုင်တွေသွားပြီး စားမယ်ဆိုတာနဲ. ပထမဆုံး လုပ်ရတဲ. အလုပ်က မိုင်း( အီးပုံကို အယဉ်ကျေးဆုံးသုံးသောဘန်းစကား) ရှောင်ရတာပါ။
လသာလမ်းပေါ်မှ အခပေးအိမ်သာ
ရန်ကုန်မြို.လည်ကို ရှော.ပင်လေးဘာလေးထွက်ပြီဆိုရင် နောက်အခက်အခဲဆုံး တစ်ခုက အိမ်သာရှာရတာပါ။ အပေါ.အပါးသွားချင်တယ်ဆိုရင် ရှော.ပင်းမောလ်အကြီးကြီးတွေကလွဲလို. ကျန်တဲ.နေရာမှာ ရှာရတာခက်ခဲပါတယ်။ ရှားရှားပါးပါး လသာလမ်းပေါ်မှာ အရင်မြေအောက်သန်.စင်ခန်းကို မြေပေါ်သန်.စင်ခန်းပြန်လုပ်ထားတာပါ အတော်အသင်.သန်.ပါတယ်။
စည်းကမ်းမဲ. အမှိုက်များ အောက်ဆုံးထပ် အဖီအကာပေါ်သို.ကျနေပုံ
နောက်တစ်ခုတွေ.တာကတော. စည်းကမ်းမဲ.အမှိုက်ပစ်မှု တွေပါဘဲ ကိုယ်.လက်ကနေလွတ်ကျွတ်ဆိုတဲ.အတိုင်း အမှိုက်ထုတ်တွေကို အထပ်မြင်.တွေကနေ ပစ်ပစ်ချနေတာတွေလည်း ကိုယ်တိုင်မြင်တွေ.ခဲ.ရပါတယ် ဒါတွေအချို.ကို ချုံကြည်.ရင် ကိုယ်.နိုင်ငံကြီးကို အဆင်.အတန်းမြင်.မြင်. စည်းကမ်းရှိရှိမြင်ချင်မိနေသူ တစ်ယောက်အနေနဲ. နောက်ဘယ်နှစ်လောက်များ စောင်.ရအုန်းမလဲလို. တွေးကြည်.ရင် အချိန်တန် အမိမြန်မာပြည်ကို ပြန်ချင်နေသူ တစ်ဦးအနေနဲ. တွေ.မြင်သမျှထဲက အချို.ကို မျှဝေခံစားလိုက်ပါတယ်။
စာရေးသားချိန်--(၁)နာရီ(၂၅)မိနစ်၊ ၂၃.၁.၂၀၁၃
စင်ကာပူ
3 comments:
ကိုင်း..ရွာစားရေဆိုတော့လည်း..မတိမ်းမစောင်းဗိန်းမောင်းလေးနဲ့ လာရောက် မန့်ပါပြီခင်ဗျာ.....
ရန်ကုန်မှာ..အပြင်ထွက်လို့.အရေးဟယ်အကြောင်းဟယ် ကိစ္စထိပ်ဝရောက်ရင်ဖြင့်...ဘယ်နားသွားစွန့်ရမှန်းတောင်မသိပေါင်ဗျာ။ မရိုမသေစကား..ကိုယ့်ဟာကိုယ်ပဲ..သာရေးကွင်းနဲ့ချည်ထားရမလို...ဟိုဒင်းကိုပဲ..ပြောင်းဖူးရိုးနဲ့ပိတ်ဆို့ထားရမလိုပါပဲ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာကလည်း.တိုက်ခန်းနှစ်ခုနဲ့လမ်းကြားတွေမှာမမြင်ချင်မှအဆုံးပါ။
အော်...ကျွန်တော်လွန်ခဲ့တဲ့...14 နှစ်လောက်ကနေခဲ့ဖူးတဲ့ရန်ကုန်မြို့ကြီး.ပြောင်းလဲနေပြီလားမှတ်တယ်...ရှေးမူလေးကိုအမြတ်တနိုးထိန်းသိမ်းနေကြတုန်းပဲလားဗျာ.....ဟင်း...
ပျောက်နေတာကြာပီလို့အောက်မေ့နေတာ မမက မြန်မာပြည်ပြန်လာနေတာကိုး။ အလွမ်းပြေခဲ့တယ်မလား မမ။
အလွမ်းတွေပြေခဲ့ရဲ့လား မမကျားရေ
ပိုစ့်လေးဖတ်ပြီးမျက်စိထဲကွင်းကွင်းကွက်ကွက်
စည်းကမ်းပျက်ပုံတွေပေါ်နေရတယ်
အပေါ်ကဆာတွတ်ရေးထားတဲ့ကွန်မက်လေးကိုလဲ
သဘောကျမိပါတယ်မမကျားရေ
ခုတော့ စင်ကာပူ ပြန်ရောက်နေပြီပေါ့နော်
တနေ့နေ့တော့ပြောင်းလဲမယ်ထင်ရတာပဲ
အဲလိုလေးစောင့်စားရင်း
ခါးတွေကုန်း သွားတွေကျိုး(ဦးထီးဆိုင်သီချင်းလေး)
သတိရမိတယ်
Post a Comment