arial" action="like" colorscheme="light">
Tiger Khin Sein: ရှမ်းလမ်းဘေးက စမ်းချောင်း(၄)

Thursday, 24 January 2013

ရှမ်းလမ်းဘေးက စမ်းချောင်း(၄)

     မမကျားတို. လေးတန်းအောင်တော. ငါးတန်းမှာ အထက်တန်းကျောင်းကို ပြောင်းတက်ရတဲ.အခါ စမ်းချောင်းမှာ စမ်းချောင်း(၁)၊(၂) စိန်.ဖလိုးမီးနမ်းကျောင်း၊(၃)နဲ.(၄)ရှိပါတယ်။ စမ်းချောင်း(၂)ကတော. မိန်းကလေးကျောင်းဖြစ်ပြီး ကျန်တဲ.ကျောင်းတွေကတော. ယောကျာင်္းလေး မိန်းကလေးတွဲထားတဲ. ကျောင်းတွေဖြစ်တယ် မမကျားတို.ကတော. အထက်ကအကိုတွေ အမတွေတက်တဲ. စမ်းချောင်း(၄)ကိုဘဲ မိဘတွေက တက်ခိုင်းပါတယ်၊ အိမ်နဲ.လည်း တလမ်းကျော်မှာ တည်ရှိတာ ဖြစ်တဲ.အတွက် သွားရေးလာရေး လွယ်ကူပြီး နေ.လည် ထမင်းစားလွတ်ချိန်မှာ ထမင်းဘူးယူစရာမလိုဘဲ နောက်ဖေး လမ်းကြားလေးက ဖြတ်ပြီး( အရင်လမ်းကြားတွေက အခုခေတ်နောက်ဖေးလမ်းကြားနဲ. တစ်ခြားစီပါ၊ သန်.ရှင်းပြီး ကျောင်းဆင်းချိန်ဆိုရင် ကစားလို.တောင်ရပါတယ်) အိမ်ကို ထမင်းပြန်စားကြပါတယ်။
     ဒီကျောင်းလေးကနေ ၁၀တန်းအောင်ကြပြီး တကသိုလ်  ဆက်တက် လုပ်ငန်းခွင် ၀င်ကြနဲ ဘ၀     ပါတ်ဝန်းကျင်အသီးသီးမှာ ကျင်လည်နေကြသော်လည်း ကျောင်းတော်ကြီးနဲ. ဆရာ ဆရာမတွေကတော.   တာဝန်ကြေစွာနဲ. ဘက်ပေါင်းစုံ လူတန်းစားတွေကို မနားမနေ မွေးထုတ်ပေးနေကြပါတယ်။ အဲဒီလို ကျေးဇူး တင်ရှိခဲ.ဖူးတဲ. ဆရာ ဆရာမကြီးတွေကို ပြန်လည်ပြီး ကျေးဇူးဆပ်တဲ.အနေနဲ. မြန်မာပြည်တစ်ဝှမ်း ဆရာကန်တော.ပွဲတွေပြုလုပ်နေတာ ကိုလည်း တွေရသလို ကျွန်မတို.ကျောင်းတော်ကြီးမှာလည်း ဆရာကန်တော.ပွဲကို ဆင်နွဲလာတာ အခုဆိုရင် (၁၉)နှစ်ပြည်. မြောက်ခဲ.ပါပြီ။
     အရင်. အရင်နှစ်တွေက ပြည်တော်ပြန်တိုင်း ဆရာကန်တော.ပွဲကို ပါဝင်ဆင်နွဲနေကျ ဖြစ်ပေမဲ. အခုမှဘဲ ဘလောဂ်စာမျက်နှာမှာတင်ဖြစ်ပါတော.တယ်။ နောက်နှစ်ဆိုရင် အခုစာဖတ်ပရိတ်သတ် မြင်တွေ.နေကျ ကျောင်းတော်ဟောင်းကြီးနေရာမှာ သုံးထပ်တိုက်ကျောင်းဆောင်ကြီးကို ကျောင်းတော်ကြီးရဲ. ကျောင်းသားဟောင်း တော်ဝင်ကုမဏီကနေပြီး လှုဒါန်းဆောက်လုပ်မယ်လို. သိရပါတယ်။ ဒါကြောင်. မမကျားရဲ. ရာဇ၀င်ထဲက ကျောင်းတော်ကြီးကို အမြဲအမှတ်ရနေစေဖို. ရှမ်းလမ်း(ယခု ဗဟိုလမ်း) ဘေးက စမ်းချောင်း(၄) အကြောင်းကို တင်ဆက်လိုက်ရပါတယ်နော်။

ကန်တော.ခံ ဆရာ ဆရာမကြီးတွေရဲ. ဓါတ်ပုံတွေကို ဗွီနိုင်းပိုစတာနှင်. ကြော်ငြာထားပုံ
 
                                                  ကျောင်းအ၀င်ဝ မုတ်ဦး

ကျောင်းသူ ကျောင်းသားဟောင်းများအတွက် အလှူခံဋ္ဌာနနှင်. အမှတ်တရလက်ဆောင်ပေးရာနေရာ
                                                    ကန်တော.ခံ စင်မြင်.

                                        ကျောင်းအပေါ်ထပ်အမှတ်တရလေးများ

          ငယ်ငယ်တုန်းကသုံးခဲ.တဲ. ကျောင်းစောင်.ကြီး ဦးသိန်းခေါက်ခဲ.တဲ. ကျောင်းတက်ခေါင်းလောင်း
                                (အခုတော. လျှပ်စစ် ခေါင်းလောင်းဖြစ်နေပါပြီ)
                      ၉တန်းတုန်းက တက်ခဲ.တဲ.အခန်းလေးနဲ. ဆော.ခဲ.တဲ. ၀ရမ်တာလေး

                ဆရာကန်တော.ပွဲ ကျင်းပဖို. တပတ်အလိုမှာ ဆုံးသွားတဲ. ၇ တန်းတုန်းက ပထ၀ီ ဆရာမ (ပ၀ါ ခြုံထားသည်) အမှတ်တရ
မမကျားတို. ၀ါးတီးဖွင်.ခဲ.တဲ. ကြက်သားဟင်း၊ သီးစုံကြော်၊ ချဉ်စပ်ဟင်းချို၊ ငါးပိရည်ကျို၊ ရေခဲမုန်.


စာရေးသားချိန်-- (၄)နာရီ(၂၅)မိနစ်၊ ၂၄.၁.၂၀၁၃(ကြာသပတေးနေ.)
                      စင်ကာပူ












1 comments:

စံပယ်ချို 24 January 2013 at 03:37  

အမှတ်တရလေးကိုသတိတရ ၀င်ရောက်ကြည့်နေမိတယ်ရှင်

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP