arial" action="like" colorscheme="light">
Tiger Khin Sein: နေမျိုးဆေး ပန်းချီပြပွဲ (စင်ကာပူ)

Wednesday 30 January 2013

နေမျိုးဆေး ပန်းချီပြပွဲ (စင်ကာပူ)

     ၃၀.၀၁.၂၀၁၃၊ ညနေ(၆)နာရီခွဲမှာ Ernst and Young Solutions LLp စင်ကာပူမှ နေမျိုးဆေးရဲ. Natri Puja( a Pali word meaning worship to Buddha with arit) ပန်းချီပြပွဲဖွင်.ပွဲကို ပြုလုပ်ခဲ.ပါတယ်။ ငယ်သူငယ်ချင်းတွေမို. ရောက်ကတည်းကဖုန်းဆက်ပြီး ပြပွဲလာဖို.ဖိတ်ပါတယ်။ မမကျားရဲ.သမီးလေးကလည်း CCA ( Co-Curricular Activity) မှာ ပန်းချီယူထားတာကြောင်. စိတ်ဝင်စားပြီး သူပါလိုက်မယ်ဆိုလို. သားအမိနှစ်ယောက် ပြပွဲဆီသို. ရောက်ရှိခဲ.ပါတယ်။ စင်ကာပူမှာ နေတဲ. ညီအကိုမောင်နှမများ အားလုံးသွားချင်ရင် Raffel MRT( J exit) ကနေ One Raffel Quay  လမ်းညွန်အတိုင်းသွားပြီး North Tower ကိုရောက်အောင်သွားပါ၊  အ၀င်ဝ ကောင်တာမှာ ပြပွဲသွားမလို.ပြောလိုက်ရင် ဖွင်.ပေးပါတယ်။ ပြပွဲကတော. ဒီနေ.ကစပြီး မေလအထိ ရှိမှာပါ။ ၀င်ကြေးအခမဲ.ဖြစ်ပါတယ်။ ပြပွဲအချိန်ကတော. ရုံးချိန်အတွင်းဖြစ်ပါလိမ်.မယ်။  ကြိုက်တဲ. ပန်းချီတွေ.ရင်လည်း ၀ယ်ယူနိုင်အောင် ဈေးနှုန်းစာရွက်နဲ. ဆွဲထားတဲ.ပန်းချီတွေပုံနှိပ်ထားတဲ. စာအုပ်လေးကို ပြပွဲလာသူတွေကို ပေးပါတယ်နော်။ မသွားနိုင်တဲ.သူတွေအတွက် မမကျား ရိုက်လာတဲ. နေမျိုးဆေးရဲ. ပန်းချီလေးတွေကို ဒီမှာရှုစား နိုင်ပါတယ်နော်။

 






















          အခုပုံလေးတွေကတော. ကော.တေလ်းနဲ.တွဲစားဖို. ပြင်ဆင်ပေးထားတဲ. ဘူဖေလ်း မုန်.မျိုးစုံ






     စာဖတ်လာသူ ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို.နှင်.ပြည်.ပါစေနော်။



စာရေးသားချိန် -- (၁၂)နာရီ(၅၀)မိနစ်၊ ၃၁.၀၁.၂၀၁၃(ကြာသပတေးနေ.)
                       စင်ကာပူ
























 



5 comments:

Yoemyaykya 30 January 2013 at 21:51  

ကိုနေမျိုးဆေးရဲ့ တစ်ချို့လက်ရာတွေက ဓာတ်ပုံအတိုင်းပဲနော်အစ်မ။ ဗဟုသုတတွေမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်မမ။

စံပယ်ချို 30 January 2013 at 22:29  

မမကျားရေ
ပန်းချီကားပုံလေးတွေအတွက်ကျေးဇူးပါ

လွင်ပြင်လှိုင်းငယ် 31 January 2013 at 14:53  

မမကျားစေတနာနဲ့ နေမျိုးဆေး ပန်းချီကားတွေကြည့်ခွင့်ရလို့ ကျေးဇူးအထူးပါဗျာ

Thamee Su 1 February 2013 at 09:10  

ပန်းချီလက်ရာတွေတ၀ကြီးကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် မမကျားရေ

Tuumar 1 February 2013 at 16:10  

ပန်းချီကားတွေအများကြီးဘဲနော်
မမကျားရိုက်လာတဲ့လက်ရာကလဲအရမ်းကောင်းတော့
စိတ်ဝင်တစားကြည့်သွားပါတယ်

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP