arial" action="like" colorscheme="light">
Tiger Khin Sein: စင်ကာပူသပြေ (သို.) အာဆီယံသပြေ

Sunday 24 February 2013

စင်ကာပူသပြေ (သို.) အာဆီယံသပြေ

     စင်ကာပူကို စရောက်ခါစမှာ HDB တိုက်တွေဘေး နေရာတော်တော်များများမှာ သပြေပင်တွေကို ခြံစည်းရိုးကာပုံစံမျိုး တွေ.ရပါတယ်။ မမကျားတောင် တော်တော်လေးပျော်သွားပြီး ဘုရားတောင်ခူးပြီး ကပ်လှူခဲ.ပါသေးတယ်။ နောက်တော. သူများတွေက အဲဒါသပြေမဟုတ်ဘူးလို. ပြောတော. သို.လောသို.လော အတွေးများနဲ. ဘုရားမတင်ဖြစ်တော.ပါဘူး။ ဒါပေမဲ. အဲဒီအပင်တွေနား ဖြတ်သွားတိုင်း ဒါဟာ သပြေမျိုးနွယ် ဖြစ်ကိုဖြစ်ရမယ် မြန်မာပြည်မှာက ခူးခူးပြီးရောင်းနေတာဆိုတော. အဲဒီလောက် အပင်မကြီးလာတာ ဖြစ်ရမယ်လို. ခနခနစဉ်းစားမိတယ်။
     ပြီးခဲ.တဲ. ဒီဇင်ဘာလ မြန်မာပြည်ပြန်တော. မောင်ဝမ်းကွဲလေးရဲ. တိုက်ကြီးမြို.က နှင်းဆီခြံကို အလည်ရောက်တော. နှင်းဆီခင်းနဲ.အတူ သပြေပင်လေးတွေကို ပျိုးထားတာကို တွေ.ခဲ.ရတယ်။ သူက အမရေ အဲဒါ မြန်မာပြည်မှာ အခုမှ ခေတ်စားနေတဲ. အာဆီယံသပြေပင်လေတဲ.၊ ရန်ကုန်မှာ သူငယ်ချင်းတွေ သူတို.အိမ်တွေမှာ စိုက်ချင်လို. ၀ယ်စိုက်တာ တပင်ကို (၇၅၀၀)ကျပ်လောက်ပေးရတယ်တဲ.၊ ကျွန်တော် အခု အပင်ပေါက်လေးတွေ တပင်ကို (၃၅)ကျပ်နဲ. ပျိုးထားတာလို.ပြောတော. ကျွန်မအပင်ကို သေချာကြည်.လိုက်တော. စလုံးမှာတွေ.ရတဲ. သပြေမျိုးနွယ်နဲ. တထေရာတည်းပါဘဲရှင်။ အခုထိလည်း မြန်မာပြည်က အလည်လာကြတဲ.သူ တော်တော်များများ ကလည်း စင်ကာပူမှာ ခူးပြီး ဘုရားတင်နေကြတုန်းပါ။ စာဖတ်ပရိတ်သတ်ကြီး ဗဟုသုတအတွက် တင်ပြလိုက်ရပါတယ်နော်။


                       စင်ကာပူ တိုက်ခန်းဘေးတွင် တွေ.ရသော သပြေအမျိုးအနွယ်ပင်များ





            တိုက်ကြီးမြို. မောင်လေးခြံထဲတွင် ပျိုးထားသော အာဆီယံသပြေပင်ပေါက်များ



ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို.နှင်. ပြည်.စုံပါစေရှင်။

စာရေးသားချိန်--(၁၁)နာရီ(၁၅)မိနစ်၊ တနလာင်္နေ.၊ ၂၅.၂.၂၀၁၃
                     စင်ကာပူ

3 comments:

Anonymous,  24 February 2013 at 21:52  

အချိန် မနက် ည ဖေါ် ပြ ပေး ပါ။






စံပယ်ချို 24 February 2013 at 23:17  

မလေးရှားမှာလဲ အဲဒီအပ်ငတွေကိုခြံစည်းရိုးလုပ်ကြတယ် ဂျက်တို့နားမှာလဲအများကြီးပဲ တချို့ကတော့ခူးပြီး
ဘုရားတင်ကြတာတွေ့ဖူးတယ်
သပြေ ဟုတ်မဟုတ်တော့ ဂျက်လဲမသိပါဘူး
မမကျားပြောသလိုဆိုရင်သပြေဟုတ်တာပေါ့နော်

Tuumar 25 February 2013 at 18:25  

အာစိယမ်သပြေဆိုပြီး မြန်မာပြည်မှာတော့စီးပွားဖြစ်စိုက်ကြပါတယ် မမကျားရေ
မာမာတောင်မှော်ဘီကခြံမှာ အပင်တော်တော်များများစိုက်ထားပါသေးတယ်
လှတယ်နော် အရွက်ကလေးတွေရဲနေတာလေ..စင်္ကာပူမှာတော့တော်တော်များများတွေ့ရပါတယ်.

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP