arial" action="like" colorscheme="light">
Tiger Khin Sein: ဘတ်ဂျက် ကြက်သား ပဲရည်သုတ်

Wednesday 27 February 2013

ဘတ်ဂျက် ကြက်သား ပဲရည်သုတ်

     ဘတ်ဂျက် အဲယားလိုင်းတို. ဘတ်ဂျက် တည်းခိုခန်း တို.လို ခြွေတာရေးလုပ်တဲ. နည်းလေးကို အားကျပြီး မမကျားရဲ. ကြက်သား ပဲရည်သုတ်ကို အဲလို နာမည်လေး ပေးလိုက်တာပါ။ အမှန်ကတော. လက်ကျန် ကြက်သားလေး ငါးတုံးလောက်ကို ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားလိုက်တာ ဘတ်ဂျက် အသုတ်ဘ၀ရောက် သွားပါတယ်ကွယ်။


     ကြက်သားကို ရေသင်.ရုံ၊ ကြက်သားမှုန်.၊ ဆနွင်းသင်.ရုံ၊ ငံပြာရည်အနည်းငယ် တို.နှင်.ပြုတ်ပါ။ ကြက်သားနှူးလျှင် ဆယ်ပြီး အရည်ကိုထားပါ။


                        ကြက်သားကို အသင်.စားအရွယ် အနေတော်အတုံးလေးများတုံးပါ။

     ကြက်သားပြုတ်ရည်ထဲသို. ပဲမှုန်.အစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်းစာ ရေဖျော်ပြီး၊ မဆလာနဲနဲထည်.၊ အပေါ.အငံလိုသလို ထည်.ပြီး ၅ မိနစ်ခန်.ဆူအောင် ကြိုလိုက်ပါ။

                      ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပူတီနံ၊ ငရုတ်သီး၊ သံပုရာသီးတို.ကို ပုံပါအတိုင်းလှီးပါ။


     ပြီးလျှင် အားလုံးထည်.ပြီး ငရုတ်သီးမှုန်.လေးထည်.ပြီး ချဉ်၊ ငံ၊စပ် ဘတ်ဂျက် ကြက်သား ပဲရည်သုတ် ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီရှင်။ ထမင်းအင်မတန်မြိန်စေသော လွယ်ကူသည်. နည်းလမ်းလေးဖြစ်ပါတယ်။


                                               အိမ်တွင်းဖြစ်ပူတီနံပင်များ


     ကြက်သားသုတ်မူလနည်းကို ညီမလေးဓနုဖြူ ဒေါ်စောရီဘလောဂ်မှ ယူပါသည်။ ကျေးဇူးတင်ပါတယ် ညီမလေးရေ။ မမကျားကတော. အတိုင်းအတာ မရှိပါဘူး အကုန်လုံးလက်မှန်းထည်.တာ ၀ါသနာပါလို.ဖြစ်ပါတယ်။

ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို.နှင်. ပြည်.စုံပါစေလို. ဆုတောင်းပါတယ်နော်။

စာရေးသားချိန်-- နေ.လည် (၁)နာရီတိတိ၊ ၂၈.၂.၂၀၁၃၊ ကြာသပတေးနေ.
                      စင်ကာပူ




6 comments:

စံပယ်ချို 27 February 2013 at 22:21  

မမကျားရေ အဲတာလေးကြိုက်မှကြိုက်ပဲ
ထမင်းနဲ့မစားပဲ သူ့တိုင်းစားလဲကောင်းတယ်နော်

khin 28 February 2013 at 00:52  

ဟုတ်တယ် ညီမလေးစံပယ်ရေ ဒီအတိုင်းစားတာ ပိုကောင်းတယ်

ညိမ်းနိုင် 1 March 2013 at 06:53  

ဘက်ဂျက်ဆိုရင်အကုန်စိတ်ဝင်စားတယ်...လုပ်စားအူးမယ်
လာမယ့် တနင်္ဂနွေမှာ..... :))))

Tuumar 8 March 2013 at 18:05  

စားချင်စရာလေးနော် မမကျား

Thamee Su 5 April 2013 at 07:57  

ကြက်ပဲရည်သုတ် အရမ်းကိုကြိုက်တယ် မမကျားရေ စားသွားပြီနော်

september rain(moe) 30 September 2013 at 16:57  

တစ်ခါလောက်သုတ်စားကြည့်ဦးမယ် အသုတ်ဆို ကြိုက်ပေမယ့် ပဲရည်နဲ့တော့ စားဖူးဘူးလေ
ပဲမှုန့် အကျက်မှုန့် ဆိုရော မရဘူးလားဟင် ..မမကျားကျား

  © Free Blogger Templates Blogger Theme II by Ourblogtemplates.com 2008

Back to TOP